အသေးအဖွဲ့ပြစ်မှုလေးတွေကိုကျူးလွန်လေ့ရှိတဲ့ ဒိုဗာ၊ မိုင်လို နဲ့ လောတို့ဟာ သူတို့နောက်ကိုလိုက်နေတဲ့ ရဲတွေလက်က လွတ်အောင်ပြေးပြီး ရဲနှစ်ယောက်ကိုကားနဲ့မတော်တဆတိုက်သတ်ခဲ့မိပါတယ်။ အဲ့ဒီနောက်မှာတော့မြေအောက်အရက်ဘားတစ်ခုကို ပုန်းခိုဖို့ဝင်ရင်းနဲ့ ရဲတပ်ဖွဲ့ရဲ့ခြေရာခံ ဝိုင်းဝန်းပိတ်ဆို့မှုကိုခံလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့ သူတို့ဟာ ဘားထဲမှာရှိနေတဲ့ ဘားပိုင်ရှင်၊ ဝန်ထမ်းတွေနဲ့ဖောက်သည်တွေကို ရဲတပ်ဖွဲ့ကိုအကျပ်ကိုင်ဖို့ ဓားစာခံအဖြစ်ဖမ်းဆီးထားလိုက်ပါတယ်။ အပြင်မှာရှိတဲ့ရဲတပ်ဖွဲ့တွေ၊ FBI တွေ၊ သတင်းထောက်တွေဝိုင်းရံထားပြီး စိတ်ဖိစီးမှုတွေမြင့်တက်လာချိန်မှာတော့ ဓားစာခံနဲ့ဖမ်းဆီးသူတွေကြားမှာလည်း အပြန်အလှန်အကွက်ဆင်လှည့်စားတာတွေပရိယာယ်ဆင် ချောက်ချတာတွေပေါ်လာပြီး ဉာဏ်ရည်ပြိုင်ပွဲတစ်ခုအဖြစ်ပြောင်းလဲသွားချိန်မှာတော့..။Albino Alligator ဟာ ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားကြီး Kevin Spacey ရဲ့ ပထမဆုံး ဒါရိုက်တာ လက်ရာဖြစ်ပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ သမားရိုးကျ မဟုတ်တဲ့ (Crime Thriller)ဇာတ်ကားတစ်ကားဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Dillon၊ Faye Dunaway နဲ့ Gary Sinise တို့လိုထိပ်သီးတွေရဲ့အားပြိုင်မှုကဇာတ်ကားရဲ့အသက်ဖြစ်ပြီး တစ်ကားလုံးကို အက်ရှင်ထက် အပြန်အလှန်စိတ္တဇ ကစားပွဲတွေနဲ့ဦးစားပေးပုံဖော်ထားတာပါ။ ရာဇဝတ်မှုရုပ်ရှင်ဟောင်းတွေ၊ ရဲစုံထောက်အခင်းအကျင်းနဲ့စိတ်ဓာတ်ရေးရာအားပြိုင်မှုတွေကိုသဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ CrimeDrama / Thriller ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။