ဇိုင်ဒီနဲ့လင်ဒါတို့ဟာ ကလေးရဖို့ကြိုးစားနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး ကံမကောင်းအကြောင်းမလှစွာပဲ အခုချိန်ထိကလေးရဖို့ကံပါမလာကြသေးပါဘူး။ ဇိုင်ဒီရဲ့မိခင်ဖြစ်သူက ကလေးမရနိုင်ရင်ဇိုင်ဒီကို နောက်အိမ်ထောင်ပြုခွင့်ပေးဖို့အထိဖိအားပေး အကျပ်ကိုင်လာချိန်မှာတော့ သူတို့လင်မယားဟာ ဇိုင်ဒီအဘွားဆီက အမွေဆက်ခံရရှိခဲ့တဲ့ နယ်ကအိမ်ကြီးဆီပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲ့ဒီအိမ်ကြီးမှာ ဟိုတစ်ချိန်က ကြောက်စရာအတိတ်တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီအကြောင်းကို အိမ်တော်ထိန်းရော ဇိုင်ဒီတို့သားအမိတွေပါ သိကြပေမယ့် လင်ဒါကိုတော့ ပေးမသိပဲဖုံးကွယ်ထားခဲ့ကြပါတယ်။ အဲ့ဒီအိမ်ကိုရောက်တဲ့ အချိန်ကစပြီး လင်ဒါဟာ ကြောက်စရာပုံရိပ်တွေ၊ အိမ်မက်ဆိုးတွေ အမြင်အာရုံတွေကိုမကြာခဏ မြင်တွေ့လာရပြီး တစ်စထက်တစ်စခြောက်လှန့်မှုတွေဟာ ပိုပြီး ပီပြင်ကြမ်းတမ်းလာခဲ့ပါတယ်။ အယုံအကြည်မရှိဘူးဆိုတဲ့ ဇိုင်ဒီကိုယ်တိုင်ပါ မျက်မြင်ကြုံတွေ့လိုက်ရချိန်မှာတော့ ဒီဖြစ်ရပ်တွေကို ကူညီဖြေရှင်းနိုင်မယ့် ဆရာကောင်းကိုရှာဖွေနေတဲ့ အချိန်မှာ လင်ဒါမှာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရတဲ့အခါ..။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်၊ လှည့်ကွက်ကောင်းကောင်း၊ ရိုက်ချက်၊ သရုပ်ဆောင်ချက်တွေပီပြင်သဘာ၀ကျစွာ ရှူစားရမယ့် မလေးဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။