Dear You FHD

Dear You

Comedy Drama Family FHD 2026-04-30 8.9 118 Min

၂၀၂၆ ခုနှစ်ထွက် ဒီဇာတ်ကားလေးဟာ ရုံတင်စမှာ ရုံတင်ချိန် ၁.၆ ရာခိုင်နှုန်းလောက်သာ ရရှိခဲ့ပေမဲ့ ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ တစ်စတစ်စ နာမည်ကြီးလာခဲ့ပါတယ်…ကုန်ကျစရိတ်က ယွမ်၁၄ သန်းလောက်သာရှိပြီး အဓိကသရုပ်ဆောင်တွေကလည်း ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေ မဟုတ်ကြပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေယွမ် ၂ ဘီလီယံကျော်အထိ ရရှိလာခဲ့တဲ့အံ့အားသင့်စရာ ဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ ဒီဇာတ်ကားလေးရဲ့ အောင်မြင်မှုက ငွေကြေးနဲ့ပဲ တိုင်းတာလို့မရပါဘူး…နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ မိသားစုတစ်စု မပို့ဖြစ်ခဲ့တဲ့စာတွေ ပြောမဖြစ်ခဲ့တဲ့စကားတွေကြားမှာဘယ်လိုအချစ်နဲ့ သံယောဇဉ်တွေ ဖုံးကွယ်နေလဲဆိုတာကို ပုံဖော်ထားတာပဲဖြစ်ပါတယ်အဘိုးက နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ပြီး အခုချိန်မှာတော့ သေဆုံးသွားပြီလို့ သိလိုက်ရတဲ့အခါ… သူ့နာမည်နဲ့ နှစ်ပေါင်းများစွာ ပို့ခဲ့တဲ့စာတွေက ဘယ်သူရေးခဲ့တာလဲ...ရှောင်ဝေဟာ အကြွေးအများကြီးတင်နေပြီး ငွေကြေးအခက်အခဲနဲ့ ရုန်းကန်နေရတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်… တစ်နေ့မှာတော့ ထိုင်းနိုင်ငံမှာ ချမ်းသာနေတယ်လို့ ကြားသိထားတဲ့အဘိုးဆီကနေ ပိုက်ဆံသွားတောင်းဖို့ ဆုံးဖြတ်ပြီး အဘိုးရဲ့လိပ်စာကို လိုက်ရှာကာ ထိုင်းနိုင်ငံအထိ ရောက်လာပါတော့တယ်ဒါပေမဲ့ အဘိုးကို ရှာတွေ့ဖို့ ကြိုးစားရင်း မမျှော်လင့်ထားတဲ့ အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်…အဘိုးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီး အဘွားဆီကိုဆယ်စုနှစ်တွေအကြာထိ ဆက်လက်ရောက်ရှိနေခဲ့တဲ့ စာတွေ ငွေလွှဲမှုတွေနဲ့ လက်ဆောင်တွေကလည်း ရှောင်ဝေထင်ထားသလို အဘိုးကိုယ်တိုင် ပို့ခဲ့တာ မဟုတ်နိုင်တော့ပါဘူးအဲဒီနောက် ရှောင်ဝေဟာ အဘိုးရဲ့ အတိတ်ကို စုံစမ်းရင်း အနှစ် ၄၀ ကြာ အထင်လွဲမှုတစ်ခုရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိလာပါတယ်အဘိုးက မိသားစုကို မေ့ထားခဲ့တာမဟုတ်ဘဲ သူ့ရဲ့ မေတ္တာနဲ့ သတိရမှုတွေကို စာတွေနဲ့ လက်ဆောင်တွေအဖြစ် ဆက်လက်ပို့ခဲ့တာဖြစ်ပြီး တစ်ဖက်မှာတော့ အဲဒီစာတွေဟာအဘွားလက်ထဲကို မရောက်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြား နားလည်မှုလွဲမှားမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်နောက်ဆုံးမှာ ရှောင်ဝေဟာ အဘွားနဲ့ အဘိုးတို့ရဲ့ သံယောဇဉ်ဟာ နှစ်တွေ ဘယ်လောက်ကြာကြာ မပျောက်ကွယ်ခဲ့ဘူးဆိုတာကိုလည်း နားလည်လာပါတော့တယ်နှစ်ပေါင်း ၄၀ ကြာတဲ့ အထင်လွဲမှုတစ်ခုရဲ့နောက်ကွယ်မှာ တကယ်ဖြစ်ပျက်ခဲ့တာက ဘာလဲ... မရောက်ခဲ့တဲ့စာတစ်စောင်က လူတွေရဲ့ဘဝတွေကို ဘယ်လောက်ထိ ပြောင်းလဲစေနိုင်မလဲ...ပြီးတော့ အချိန်တွေ ဘယ်လောက်ကြာကြာ သံယောဇဉ်တစ်ခုက မပြတ်ဘဲ ရှိနေနိုင်ပါ့မလား...ဒီလိုမေးခွန်းတွေရဲ့အဖြေကို ရှာဖွေဖို့အတွက် ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်