ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်မှာ ဂျာမန်သိပ္ပံပညာရှင် ကလော့စ်နာဟာ မသေနိုင်တဲ့ နာဇီစစ်သားတွေ ဖန်တီးဖို့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်နည်းပညာတစ်ခုကို တီထွင်ခဲ့ပါတယ်။ခေတ်သစ်ကာလမှာတော့ အရှေ့ဥရောပက လျှို့ဝှက်ဧရိယာတစ်ခုအတွင်း မြင်သမျှအားလုံးကိုရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါး ရန်သူတွေကို ချေမှုန်းဖို့နေတိုး (NATO)အထူးတပ်ဖွဲ့ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီရန်သူတွေဟာ ရိုးရိုးစစ်သားတွေမဟုတ်ပဲ နာဇီတွေဖန်တီးခဲ့တဲ့ မသေနိုင်တဲ့ ဇွန်ဘီတပ်ရင်းကြီးဖြစ်နေတာကိုစုံစမ်းစစ်ဆေးရေးမှူး ဟယ်လီနာက သဘောပေါက်သွားခဲ့ပြီးနောက်မှာတော့ရန်သူ့နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ပြီးစတုတ္ထမြောက် နာဇီအင်ပါယာပြန်လည်ခေါင်းထောင်မလာခင် ဒီဇွန်ဘီတပ်ကြီးရဲ့ပင်မစက်ရုံနဲ့အရင်းအမြစ်ကိုအရောက်သွားပြီးအပြီးတိုင်ဖျက်ဆီးဖို့ကြိုးစားရပါတော့တယ်။ပထမဇာတ်ကားအတိုင်းမလျော့တဲ့ သွေးထွက်သံယိုတွေ၊ ခြောက်ခြားစရာတွေကို အက်ရှင်တွေအပြည့်နဲ့ရှုစားရမယ့် ဟော်ရာ အက်ရှင်ကားပဲဖြစ်ပါတယ်။