နယ်မြို့လေးတစ်မြို့မှာ သြဇာကြီးတဲ့ အထက်တန်းလွှာ လူတစ်စုရဲ့ မတရား အနိုင်ကျင့်မှုကို ခံခဲ့ရပြီး မိသားစုပါ ပြိုကွဲခဲ့ရတဲ့ ပေါလ်ဆင် ဟာ အပြစ်မရှိဘဲ ထောင်ကျသွားခဲ့ပါတယ်။ နှစ်တွေအတော်ကြာပြီးမှ ခံဝန် နဲ့ မြို့ကို ပြန်ရောက်လာတဲ့အခါမှာတော့ အရင်က သူ့ကို နှိပ်စက်ခဲ့တဲ့ အာဏာပိုင်တွေနဲ့ လူမိုက်တွေ တုန်လှုပ်ကုန်ကြပါတော့တယ်။ပေါလ်ဆင် ပြန်လာတာဟာ သာမန် မဟုတ်ဘဲ မိသားစုအတွက် နစ်နာခဲ့သမျှကို အတိုးနဲ့ ပြန်တောင်းဖို့နဲ့ ပဟေဠိဆန်ဆန် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ဖြစ်လာတဲ့အခါမှာတော့.....မလေးယာလမ် အက်ရှင်ကြမ်းကြမ်းလေးတွေနဲ့ လက်စားချေဇာတ်လမ်းဆန်းတွေကို ကြိုက်တဲ့သူတွေအတွက်တော့ အချိန်ပေးပြီး ကြည့်ရတာ တန်စေမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်....