Outpost 3 ဒါမှမဟုတ် Outpost: Rise of the Spetsnaz ဟာ Outpost Triology ရဲ့နောက်ဆုံးကားဖြစ်ပြီး ဒီကားမှာတော့ပထမနှစ်ကားရဲ့အရှေ့ဘက်ကိုပြန်သွားထားတဲ့ Prequelအဖြစ်မြင်ရမှာပါ။ ပထမဇာတ်ကားတွေရဲ့အဖြစ်အပျက်တွေမတိုင်ခင် ကာလကိုအခြေတည်ထားတဲ့အတွက် မသေမျိုးစစ်သားတွေဖန်တီးပုံဇာတ်လမ်းအစကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ရမှာဖြစ်ပြီးဟော်ရာထက်စာရင် အက်ရှင်ဘက်ကိုပိုရောက်သွားပေမယ့် ခြောက်ခြားစရာကောင်းနေတုန်းပါပဲ.။ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေအမြင်မှာပါ အမျိုးမျိုးကွဲပြားနေကြတယ်ဆိုပေမယ့် အကြိုက်တွေ့တဲ့ဘက်ကပိုများနေပြီးအရင်ကားတွေအပေါ် လေးစားမှုရှိတာကြောင့်ရောလျော့မသွားတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ဟော်ရာနှစ်သက်တဲ့ ပရိသတ်အတွက်ရော အက်ရှင်ပရိသတ်တွေကိုပါဆွဲဆောင်နိုင်တဲ့အတွက် ပိုသဘောကျကြမှာပါ..။