Supergirl FHD

Supergirl

ဒီဇာတ်ကားလေးကတော့ Supergirl ကိုမှ အရင်ခေတ်က ပုံစံနဲ့ မတူညီတဲ့ဇာတ်လမ်းသွားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကာရာ ဒန်းဗားဆိုတဲ့ကောင်မလေးဟာ ခရစ်ပတွန်ဂြိုဟ်မှာ သာမန်ကောင်မလေးတစ်ဦး ဖြစ်ပြီး ကျန်တဲ့ ခရစ်ပတိုနီယန်းတွေနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ သူမဟာ ခရစ်ပတွန်ဂြိုဟ်ကို စွမ်းအင်ထောက်ပံ့ပေးပြီးတော့ လည်ပတ်စေတဲ့ စွမ်းအင်လုံးကို မတော်တဆ အာကာသထဲမှာ ပျောက်သွားအောင်လုပ်မိလိုက်ပါတယ်။အဲဒီစွမ်းအင်းလုံးမရှိရင် ဂြိုဟ်တစ်ခုလုံးကို လည်ပတ်ဖို့ စွမ်းအင်အရင်းအမြစ် မရှိတော့တာကြောင့် ကာရာဟာ အဲဒီစွမ်အင်လုံးကို ပြန်ရှာဖို့ ထွက်လာရင်း သူ့တစ်ဝမ်းကွဲမောင် Superman ရှိတဲ့ကမ္ဘာမြေကို ရောက်လာပါတော့တယ်။ ဒါပေမဲ့ Superman က စကြာဝဠာငြိမ်းချမ်းရေးခရီးစဉ် ထွက်သွားတဲ့အတွက် Supergirl တစ်ယောက် ကမ္ဘာမြေပေါ်မှာ မသမာသူတွေလက်ထဲကစွမ်းအင်လုံးကို ဘယ်လိုလိုက်ရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။