The Hunted FHD

The Hunted

Thriller FHD 2026-07-20 5.2 67 Min

၂၀၂၆ ထွက် The Hunted ဆိုတဲ့ Horror/Thriller ရုပ်ရှင်လေးဟာ ဇာတ်လမ်းတို ၃ ပုဒ်ကို သီးခြားစီ စုစည်းရိုက်ကူးထားတဲ့ Anthology ပုံစံ ရုပ်ရှင်ဖြစ်ပါတယ်။ တစ်ပိုင်းစီမှာမတူညီတဲ့အမဲလိုက်ခံရမှု၊ အသက်လုပြေးလွှားရမှုတွေကို သည်းထိတ်ရင်ဖို ရိုက်ပြထားတာပါ။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့ရင်ဖိုစရာဇာတ်အိမ် ၃ ခု ပါဝင်ပါတယ်။ ပထမတစ်ခုက ခေါင်းထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ခွေးလေးနဲ့အတူ တောအုပ်ကြီးထဲမှာမသင်္ကာဖွယ်နောက်ယောင်ခံလိုက်သူဆီကနေ အသက်လုပြေးလွှားရတာပါ။ ဒုတိယတစ်ခုက အမျိုးသမီးတွေကို ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာနှိပ်စက်တတ်တဲ့ အနိုင်ကျင့်သူအမျိုးသားတစ်ယောက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ Serial Killer တစ်ယောက်အကြောင်းပါ။ နောက်ဆုံးတစ်ခုကတော့ ဘဏ်ဓားပြတိုက်ပြီး မတန်တဆတန်ဖိုးရှိတဲ့ပစ္စည်းတွေ ရရှိသွားကြပေမယ့် လောဘကြောင့် အဖွဲ့ဝင်အချင်းချင်း ပြန်လည်သတ်ဖြတ်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်ကားကြာချိန် ၁ နာရီကျော်ကျော်ပဲရှိတာကြောင့် အချိန်အများကြီး မပေးရဘဲ သည်းထိတ်ရင်ဖိုပုံစံမျိုး သဘောကျသူတွေအတွက် ကြည့်ရတာတန်မယ့်ကားလေးတစ်ကားပါ။