ဒါရိုက်တာ Joe Fria ရေးသားရိုက်ကူးထားတဲ့ ဒီ Microbudget ရုပ်ရှင်ဟာ သဘာဝလွန်သရဲကားအပြင် Queer Romance နဲ့ စိတ္တဇဆန်ဆန် ခြောက်လှန့်မှုတွေပါ ရောစပ်ထားတဲ့Psychological Horror Thriller ကားဆန်းလေး ဖြစ်ပါတယ်။ ၂၀၂၅ စက်တင်ဘာလမှာ ရုပ်ရှင်ပွဲတော် Premiere ပြသခဲ့ပြီး ၂၀၂၆ နွေရာသီမှာမှ Streaming ထွက်ရှိထားတာပါ။ Dating App ကနေတစ်ဆင့် တွေ့ဆုံခဲ့ကြတဲ့ Albert နဲ့ Devonတို့နှစ်ယောက်ဟာ Big Bear တောအုပ်ထဲက ရှေးဟောင်းသစ်သားတဲအိမ်လေးဆီ ၅ ရက်စာ ရိုမန့်တစ်ခရီးစဉ်အဖြစ် နှစ်ယောက်တည်းအပန်းဖြေဖို့ ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီသစ်သားတဲအိမ်ကြီးဟာ ရိုးရိုးတဲအိမ်မဟုတ်ဘဲ အချိန်ကာလကို လှည့်ပတ်ကာ ပြင်ပလောကနဲ့သီးခြားခွဲထုတ်လိုက်တဲ့ မကောင်းဆိုးဝါးထောင်ချောက်ကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။တဲအိမ်ထဲမှာ ပိတ်မိသွားချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တဲအိမ်ကြီးရဲ့ ခြောက်လှန့်မှုတွေနဲ့အတူ အတိတ်က ဖုံးကွယ်ထားခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ အရှက်တရားတွေနဲ့ တစ္ဆေဆိုးတွေကိုအသက်လုရင်ဆိုင်ကြရတော့တာ ဖြစ်ပါတယ်။Microbudget Indie ကားဖြစ်ပေမယ့် The Guardian စတဲ့ ရုပ်ရှင်ဝေဖန်ရေးမီဒီယာတွေနဲ့ Indie Horror ကြည့်သူတွေဆီက သုံးသပ်ချက်အတော်လေးကောင်းမွန်စွာ ရရှိထားပါတယ်။ Adult Content၊ သဘာဝလွန်ခြောက်လှန့်မှုတွေနဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖိုအခန်းတွေ ပါဝင်တာကြောင့် အသက် ၁၈ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။တောအုပ်ထဲကတဲအိမ်သရဲကားတွေကိုမှ စိတ္တဇဆန်ဆန်လျှို့ဝှက်ချက်တွေ၊ Queer Romance အငွေ့အသက်တွေနဲ့ ရောစပ်ထားတာကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။