ဒိတ်ဒိတ်ကြဲသူဌေးသမီးတစ်ယောက်ဖြစ်တဲ့ မာဖီးလ်ဟာ နယူးယောက်မှာ မသင်္ကာစရာပြန်ပေးဆွဲခံလိုက်ပါတယ်။ အဲ့ဒါကြောင့် သူ့အဖေဖြစ်သူက သမီးကိုဘေးကင်းအောင်စောင့်ရှောက်ဖို့စဘက်စတီယန်ဆိုတဲ့သက်တော်စောင့်တစ်ယောက်ကိုငှားရမ်းပြီး အတူနေဖို့တာဝန်ပေးခဲ့ပါတော့တယ်။အစပိုင်းမှာတော့ မာဖီးလ်က စဘက်စတီယန်ကိုသဘောမကျပေမယ့် အတူတူအနေကြာလာတာနဲ့အမျှ လျှို့ဝှက်ချက်တွေ ပဟေဠိတွေရှိနေတာ သိသိကြိးနဲ့အန္တရာယ်တွေအတူရင်ဆိုင်ရင်းတစ်ယောက်နဲ့တစ်ယောက်ငြိတွယ်မိလာပါတော့တယ်။Drawn Together ဟာနာမည်ကျော်စာအုပ်စီးရီးကိုရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို သရုပ်ဆောင်တွေရဲ့ Chemistry ကလည်းအတော်အလုပ်ဖြစ်တဲ့အတွက် အစကနေအဆုံးထိ မပျင်းရိစေရပဲဆွဲခေါ်သွားနိုင်မယ့် Romance/Thriller ဇာတ်ကားကောင်းတစ်ကားပါ။