Varalaru Mukkiyam FHD

Varalaru Mukkiyam

Comedy Romance FHD 2022-12-09 8.3 155 Min

Varalaru Mukkiyamဇာတ်ကားမှာတော့Karthiက အလုပ်မလုပ်ဘဲနဲ့ သူ့Youtube Channelက ‌အောင်မြင်လာမယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်။မိဘတွေက သူအလုပ်မလုပ်ဘဲ လျှောက်သွားနေတာကို သဘောမကျပေမဲ့လဲ ပြောလို့မနိုင်လို့ လွှတ်ထားပေးရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ Karthiတို့ လမ်းထဲကို ပြောင်းလာကြတဲ့ Jamuuဆိုတဲ့ကောင်မလေးကို Karthiတစ်ယောက်မြင်မြင်ချင်းသဘောကျသွားလို့ အိမ်အထိလိုက်ချောင်းမိတဲ့အချိန်မှာတော့ Jamuuအမ Yamuuကိုပါတွေ့သွားခဲ့တယ်။Jamuuကိုသဘောကျလို့ လိုက်ချောင်းခဲ့ပေမဲ့ Yamuuရဲ့အလှမှာလဲKarthiတစ်ယောက်နစ်မြောသွားခဲ့ပြီး Yamuuကိုချစ်မိသွားခဲ့တယ်။Karthiတစ်ယောက် Yamuuကိုလိုက်ပိုးနေချိန်မှာ Jamuuကလဲ Karthiကို သဘောကျနေကြောင်း ဝန်ခံခဲ့တယ်။ညီမနှစ်ယောက်ကြားမှာ Karthiတစ်ယောက်ဗျာများနေချိန်မှာဘဲ Jamuuနဲ့Yamuuတို့အဖေကတော့ သူ့သမီးတွေကို ဒူဘိုင်းကသတို့သားလောင်းနဲ့ဘဲ လက်ထပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။Karthiနဲ့ Yamuuတို့ရဲ့အချစ်ဇာတ်လမ်းလေး ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။