ဒီဇာတ်ကားကတော့ Romance, Comedy နဲ့ Horror အမျိုးအစား ထိုင်းရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Anawat Phromchae က ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီးရိုက်ကူးတင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်တွေအဖြစ် Pichukkana Wongsarattanasin, Boonyakait Wongsajaem နဲ့ Phulita Supinchompooas တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ကတည်းက သေဆုံးသွားခဲ့တဲ့ ထိုင်းမြောက်ပိုင်းက နာမည်မရှိတဲ့ သရဲမလေးတစ်ကောင်ဆီကနေ စတင်ပါတယ်။ သူဟာနောင်လာနောက်သားတွေ အမှတ်ရနေမယ့် ဂန္ထဝင် သရဲမကြီး တစ်ကောင်ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိနေသူပါ။ မမေ့နိုင်စရာ အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့အတွက် သူ့ရဲ့ အတိတ်ဘဝကဖူးစာရှင်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ သူချစ်ရတဲ့သူဟာ ဒီဘဝမှာ မီးရှူးမီးပန်း လုပ်တဲ့သူ (firecrackermaker) အဖြစ် ပြန်လည်ဝင်စားလာတာကြောင့် သရဲမလေးအနေနဲ့ သူ့အနားကို ကပ်လို့မရဖြစ်နေတာပါပဲ။ ဒီလို အခက်အခဲတွေကြားကနေ သူ့ရဲ့ ဂန္ထဝင် အချစ်ဇာတ်လမ်းလေးအောင်မြင်အောင် ဘယ်လို ဆက်ကြိုးစားမလဲဆိုတာကို ရယ်မောစရာရော၊ ရင်ခုန်စရာပါ ကြည့်ရှုရမယ့် ဇာတ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ သာမန် သရဲကားတွေလို ကြောက်စရာကောင်းအောင် ရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ရယ်မောပျော်ရွှင်ရမယ့် အချစ်ဟာသ ပုံစံမျိုး တင်ဆက်ထားတာပါ။ ထိုင်းမြောက်ပိုင်းရဲ့ရိုးရာအငွေ့အသက်တွေနဲ့အတူ သရဲမလေးရဲ့ ချစ်စရာကောင်းတဲ့ ကြိုးစားအားထုတ်တာတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာမို့လို့ အချစ်ဟာသ သရဲကားကောင်းတွေကို သဘောကျတဲ့ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။