The Boy Who Counted Cars FHD

The Boy Who Counted Cars

Romance Science Fiction FHD 2026-06-19 5 104 Min

လမ်းပေါ်မှာကားတွေကိုရေတွက်နေတဲ့ လူငယ်လေးတစ်ယောက်.....လူငယ်လေးတစ်ယောက်ဟာ လမ်းပေါ်ကကားတွေကိုရေတွက်ရင်း သူ့ဘဝအတွက်အရေးအကြီးဆုံးအရာတစ်ခုကို သတိထားမိသွားပါတယ်။ ဖန်တရာတေနေတဲ့ ပျင်းရိစရာသူ့ရဲ့နေ့စဉ်ဘဝက တကယ်တော့ ဖန်တီးထားတဲ့ပုံရိပ်ယောင်ကမ္ဘာ(Virtual World)တစ်ခုဖြစ်နိုင်တယ်လို့ သံသယဝင်သွားတဲ့အချိန်ကစပြီးတော့ လူငယ်လေးဟာ လူတွေရဲ့လှုပ်ရှားတဲ့ပုံစံ(Pattern)တွေကို လိုက်တွက်ချက်ကြည့်နေပြီး သူ့သံသယကိုမှန်ကန်ကြောင်းသက်သေပြဖို့သက်သေတွေလိုက်စုဆောင်းပါတော့တယ်။ သူနေထိုင်နေတဲ့လောကကြီးဟာ ပရိုဂရမ်တစ်ခုအတိုင်းတရားသေပုံမှန်လှုပ်ရှားနေတာကို သူအခိုင်အမာသက်သေပြနိုင်ပြီလို့ယူဆတဲ့အချိန်မှာပဲ Patternတွေကြားကနေ သွေဖီလာတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ဘဝထဲကိုဝင်ရောက်လာပါတယ်။ သူတို့နှစ်ယောက်ဟာ အမှန်တရားကိုရှာဖွေရင်း သံယောဇဉ်တွေအရစ်ရစ်တိုးလာရင်း အတုအယောင်လောကကနေထွက်သွားနိုင်အောင်ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပုံဖော်ပုံဆန်းသစ်မှုတွေနဲ့ စိတ္တဇဆန်တဲ့Plotကွက်တွေကြောင့် ပရိသတ်စိတ်ဝင်စားမှုတွေရရှိခဲ့သလို ဆုတွေလဲရရှိထားတဲ့ Sci-Fi Drama ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသားလေးကတော့ TFboys ထဲက Joy Wang လေးပဲဖြစ်ပါတယ်။