မင်းသားကြီး တေဂျာရာဗီရဲ့ အသစ်ထွက် တေလေဂူးကျေးလက်ရုံတင်အက်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ တချိန်က လျှမ်းလျှမ်းတောက် လူမိုက်ကြီးဖြစ်ခဲ့ပေမဲ့ သမီးလေးမွေးလာပြီးနောက်ပိုင်း ရွာလေးထဲမှပဲ အေးအေးဆေးဆေး နေဖို့ကြိုးစားနေတဲ့ ထရီနတ်။ ထရီနတ်ဟာ တစ်နှစ်မှာ ၄၁ ရက် အဓိဌာန်ဝင် ဘုရားတရားလုပ်တတ်ပြီး ကျန်တဲ့တနှစ်လုံးကို အရက်သောက်ရင်းဖြတ်သန်းတဲ့သူ။ ပြီးတော့ သမီးထိဓားကြည့်၊ ရွာထဲကမိန်းကလေးတွေကိုလည်းကိုယ့်သမီးလိုပဲသဘောထားပြီး ထိလာတဲ့သူတွေကို ရေဆုံးမြေဆုံး လိုက်ပြီးပညာပေးတတ်တဲ့သူ။ ဒါပေမဲ့ အဲဒီသူတို့ရွာလေးမှာ မိန်းကလေးတွေ တစ်ယောက်ယောက် ေသတာပျောက်တာတွေရှိလာပြီး အစက သမားရိုးကျထင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ မူမမှန်တာတွေတွေ့လာရတဲ့အခါ...။