ဒီကားကတော့ ဒါရိုက်တာ Raja Karuppasamy ရိုက်ကူးထားပြီး မင်းသား Rishikanth နဲ့ မင်းသမီး Anishma Anilkumar တို့ပါ၀င်တဲ့ တမီးလ် ဟာသဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဒူဘိုင်းမှာ ၆ နှစ်လောက် အလုပ်လုပ်ပြီး ရွာပြန်ရောက်လာတဲ့ မာရူသူ ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ မူသူ ဆိုတဲ့ကောင်မလေးတို့ရဲ့ မင်္ဂလာပွဲကနေ စတာပါ။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် သေချာမသိကြဘဲ မိဘတွေရဲ့ အစီအစဉ်နဲ့ ရွာဓလေ့ထုံးစံအတိုင်းအတင်းမင်္ဂလာဆောင်ပေးလိုက်ရတာမျိုးပေါ့။ထူးဆန်းတာကတော့ မင်္ဂလာဆောင်တဲ့ ညဦးပိုင်း မှာ တကယ်တမ်း ချစ်သူရည်းစားဘဝနဲ့ မတွဲခဲ့ရတဲ့ သူနှစ်ယောက်ကြားထဲမှာလျှို့ဝှက်ချက်တွေ၊ ပွင့်ထွက်လာတဲ့ အတိတ်က အကြောင်းအရာတွေနဲ့ မိသားစုဝင်တွေကြား အရှုပ်အထွေးတွေပေါင်းပြီး တစ်ညတာအတွင်း ဟာသအလွဲတွေဖြစ်လာတဲ့အခါ.....။