Lust Stories 3 FHD

Lust Stories 3

Drama Romance FHD 2026-09-18 7 153 Min

Netflix ရဲ့ နာမည်ကြီး Anthologies Series တစ်ခုဖြစ်တဲ့ ဒီဇာတ်ကားကတော့ ဒါရိုက်တာ ၄ ယောက်ရဲ့ ကွဲပြားခြားနားတဲ့ အချစ်၊ တပ်မက်မှုနဲ့ ရာဂဆိုင်ရာ ဇာတ်လမ်းတို ၄ ပုဒ်ကိုပေါင်းစည်းရိုက်ကူးထားတာဖြစ်ပြီး "Lust Stories" ရဲ့ တတိယမြောက် ထွက်ရှိလာတာပဲဖြစ်ပါတယ်။ဇာတ်လမ်းတို တစ်ခုချင်းဆီက ခေတ်သစ် လူမှုဆက်ဆံရေးတွေအကြောင်းကို အဓိကထား ရိုက်ကူးပုံဖော်ထားပြီး၊ ရာဂနဲ့ တပ်မက်မှုတွေကို ပုံစံမျိုးစုံနဲ့ ပြသထားပါတယ်။ ဒါ့အပြင်ရင်ဖွင့်ရလွယ်တဲ့ နူးညံ့ပျော့ကွက်တွေနဲ့ ထုတ်မပြောဘဲ စိတ်ထဲမျိုသိပ်ထားရတဲ့ တင်းမာမှုတွေဟာ လူတွေရဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုလွှမ်းမိုးနေသလဲဆိုတာကိုလည်းဆန်းစစ်တင်ပြထားပါတယ်။မတူညီတဲ့ လူမှုဘဝတွေထဲက အချစ်နဲ့ တပ်မက်မှုတွေကို ဒါရိုက်တာအသီးသီးရဲ့ လက်ရာဆန်းတွေနဲ့ ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရှုခံစားလိုက်ကြပါဦး။