Give You A Candy FHD

Give You A Candy

Drama Family FHD 2024-09-30 6.667 0 Min

ကျန့်လိကွင့် ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပြီး သူ့ကို ကွပ်မျက်ဖို့ ခေါ်ဆောင်သွားတဲ့ လမ်းမှာပဲ မထင်မှတ်ဘဲ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခုဝင်ရောက်လှုပ်ခတ်သွားခဲ့ပါတယ်။ အကျဉ်းထောင်ကြီးတစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြိုကျသွားချိန်မှာတော့ သေဘေးကနေ သီသီလေးလွတ်မြောက်သွားတဲ့ကျန့်လိကွင့် နဲ့ တခြားအကျဉ်းသားတွေဟာ ရုတ်တရက် လွတ်လပ်ခွင့်ရသွားသလို ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ အဲဒီလွတ်လပ်ခွင့်ဟာ တကယ့်လွတ်လပ်ခွင့်မဟုတ်ဘဲ နောက်ထပ် ငရဲခန်းတစ်ခုထဲကို ကျရောက်သွားတာနဲ့ အတူတူပါပဲ။ တစ်ချိန်တည်းမှာပဲ တာဝန်ကျေပွန်တဲ့ အကျဉ်းထောင်အစောင့်ရဲအရာရှိ ယွီချီရှောင် ဟာ အပျက်အစီးတွေကြားထဲက လူတွေကို ကယ်တင်ဖို့အတွက် ရဲတွေနဲ့ အကျဉ်းသားတွေ ပူးပေါင်းထားတဲ့ "အထူးကယ်ဆယ်ရေးအဖွဲ့" တစ်ခုကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတော့တယ်။ဇနီးဖြစ်သူကို စိတ်ပူပြီး ထွက်ပြေးဖို့ချည်းပဲ ကြိုးစားနေတဲ့ ကျန့်လိကွင့် တစ်ယောက် ရဲအရာရှိ ယွီချီရှောင်ရဲ့ တားဆီးမှုတွေကြားထဲကနေ ဘယ်လိုဆက်လုပ်မလဲ။သဘာဝဘေးအန္တရာယ်ကြီးရှေ့မှာ အသက်ရှင်ဖို့ ၂၄ နာရီပဲ အချိန်ကျန်တော့တဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးမလား၊ ဒါမှမဟုတ် ကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပြီး လူ့အသက်တွေကို ကယ်တင်မလားဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ဒီဇာတ်ကားဟာ သာမန် သဘာဝဘေးအန္တရာယ် ဇာတ်ကားတွေလို အပျက်အစီးတွေကိုပဲ ပြသထားတာမဟုတ်ဘဲ သေရေးရှင်ရေး အကျပ်အတည်းကြားထဲက လူသားတွေရဲ့ ရွေးချယ်မှု၊ ကိုယ်ချင်းစာတရားနဲ့ နောင်တတရားတွေကိုပါ လေးလေးနက်နက် ပုံဖော်ထားတာမို့ ကြည့်ရှုသူတိုင်းကို မျက်ရည်လည်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။