ဇာတ်လမ်းအစမှာတော့ ဖျော်ဖြေရေးခရီးထွက်လာတဲ့ ဆပ်ကပ်အဖွဲ့သားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိပြီး လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးတစ်ခုထဲမှာ သောင်တင်သွားခဲ့ပါတယ်။ အကူအညီမဲ့နေတဲ့ သူတို့အဖွဲ့ဟာ တောထဲကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားရင်းနဲ့ ရက်စက်တဲ့ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူတွေနဲ့ထိပ်တိုက်တွေ့ဆုံပါတော့တယ်။ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမယ့် အဆိုးရွားဆုံး အန္တရာယ်က အဲဒီလူတွေမဟုတ်ဘဲ တောနက်ထဲမှာ ကိန်းအောင်းနေတဲ့ သွေးဆာနေတဲ့ ဧရာမ အန်နာကွန်ဒါ မြွေကြီးတွေပဲ ဖြစ်နေပါတယ်။သာမန်လူတွေမဟုတ်ဘဲ ကျွမ်းကျင်တဲ့ ဆပ်ကပ်အဖွဲ့သားတွေဖြစ်တဲ့အတွက် သူတို့ရဲ့ လျင်မြန်ဖျတ်လတ်မှုတွေ၊ ကျွမ်းဘားအကွက်တွေကို သုံးပြီး ဧရာမမြွေကြီးတွေရဲ့ ရန်ကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသားတွေရဲ့ အတ္တနဲ့ အသက်လုပွဲကြားမှာ ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲဆိုတာကို အက်ရှင်ခန်း အမိုက်စားတွေနဲ့အတူ ရင်တဖိုဖိုကြည့်ရှုရမှာပါ။ဒီဇာတ်ကားဟာ သာမန် သားရဲတိရစ္ဆာန်ကားတွေလို ပြေးလွှားပုန်းအောင်းနေရုံတင်မဟုတ်ဘဲ လူနဲ့မြွေ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အက်ရှင်ခန်းတွေကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားတာမို့ ပျင်းရိငြီးငွေ့သွားစရာမရှိဘဲ အစအဆုံး ဆွဲဆောင်ထားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Monster ကားတွေ၊ Survival အက်ရှင်ကားတွေကို သဘောကျတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။