ဒါကတော့ ငါးမန်းကြောက်တတ်သူတွေ လုံးဝမကြည့်သင့်တဲ့ ငါးမန်းကား survival thriller အကြမ်းတစ်ကားပဲ ဖြစ်ပါတယ်။ 18 နှစ်အရွယ် ကောင်မလေး Toni Miller က ခေါင်းမာပြီးတော့ ထိန်းမရတဲ့ ဆက်ကျော်သက်လေးပါ။ သူ့မိဘတွေက ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိတွေဖြစ်ပြီးတော့မိသားစုအပန်းဖြေပိတ်ရက်အနေနဲ့ ကမ်းခြေကို ရောက်လာကြပါတယ်။ဖခင်ဖြစ်သူ Robb က သူ့ရဲ့အလုပ်ကြောင့် ပင်လယ်ပြင်ရဲ့ အန္တရာယ်တွေကို နားလည်လို့ Toni ကို အခုမှတွေ့တဲ့ ကောင်လေးနဲ့ ဘင်္ဘောအပျော်စီးဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ စကားများကြပြီးToni က မြှောက်ပေးတဲ့ သူ့သူငယ်ချင်း Chelsea နဲ့အတူ မောင်လေးကိုပါခေါ်ပြီး စကားနားမထောင်ဘဲ ခိုးထွက်သွားပါတော့တယ်။ဒါပေမဲ့ သူတို့သူငယ်ချင်းအုပ်စုတွေ အပန်းဖြေပျော်ပါးနေကြရင်း သင်္ဘောကို စကီးဂျက်တိုက်မိပြီး သင်္ဘောအောက်ခြေပေါက်ကာ ရေတွေဝင်လာပါတယ်။ ပိုခြောက်ခြားစရာကောင်းတာကတော့ငါးမန်းတွေ အဖွဲ့လိုက် ဝိုင်းအုံပြီး ပင်လယ်ပြင်အောက်ခြေမှာ ကိုက်ဖြတ်ဖို့ အသင့်ရှိနေတာမို့ Toni တို့ လူငယ်တွေအဖွဲ့ သောင်တင်ပြီး တဖြည်းဖြည်းနစ်နေတဲ့ သင်္ဘောပေါ်ကနေအသက်ရှင်သန်နိုင်ကြမလားဆိုတာကတော့...။