One Last Shot FHD

One Last Shot

Action Thriller FHD 2026-09-22 6 97 Min

နိုင်ငံတော်ကို သစ္စာဖောက်သွားတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း ကာတာက နိုင်ငံတော်စစ်ဗိုလ်ချုပ်တွေရဲ့ ဇီဝအချက်အလက်တွေ အကုန်ပေါင်းမှသာ ဝင်ရောက်ခွင့် ရှိနိုင်တဲ့ အမေရိကန်ရဲ့နျူကလီယားဒုံးကျည်စနစ်ကို ရယူပြီး အမည်မသိ ဝယ်လက်နိုင်ငံကို ရောင်းစားချင်တာပါ။ဒါကြောင့်အမေရိကန် ဝါရှင်တန်ဒီစီမှာ နိုင်ငံတော်မိန့်ခွန်း ပြောကြားနေတုန်း နျူကလီးယားဗုံးငယ်တစ်လုံး ဖောက်ခွဲခံရပြီး အာဏာပိုင်တွေကို ပစ်မှတ်ထားနေကြောင်းသတင်းလွင့်လိုက်တဲ့အခါမှာ သမ္မတနဲ့ နိုင်ငံတော်အကြီးအကဲတွေအပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ လျို့ဝှက်စခန်းတွေမှာ တိမ်းရှောင်ပုန်းအောင်းနေရပါတော့တယ်။ကာတာက သူတို့ လျို့ဝှက်စခန်းတစ်ခုတည်းကို စစ်ဗိုလ်ချုပ်တွေ စုံစုံညီညီ လာရောက်ပုန်းခိုတဲ့အခါမှာ သူကြံစည်ထားသလို အားလုံးက သူ့လက်ခုပ်ထဲရောက်လာပါတော့တယ်။ဒီလိုနဲ့ ကာတာရဲ့ ရဲဘော်ရဲဘက်ဟောင်းဖြစ်တဲ့ ဟဲရစ်ပါဝင်တဲ့ အသေခံစစ်ဆင်ရေးအဖွဲ့က ကာတာရဲ့ အကြံအတိုင်း မဖြစ်မြောက်သွားအောင် ဝင်ရောက်စီးနင်း တားဆီးဖို့ ဖြစ်လာပြီးရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။