Bisons FHD

Bisons

Drama FHD 2024-02-07 6.8 105 Min

Steve က ငယ်ရွယ်တဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ swiss ရိုးရာနပန်းတစ်မျိုးဖြစ်တဲ့ Schwingen ချန်ပီယံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ရှုံးနိမ့်သွားတဲ့ ပြိုင်ဘက်ကိုရိုသေမှုပေးတာက လူသားတွေကို တိရိစ္ဆာန်တွေနဲ့ ခွဲခြားပေးတဲ့အရာလို့ ယုံကြည်သူတစ်ယောက်ပါ။တစ်နေ့မှာမိသားစုလယ်ကွက်က ငွေကြေးအခက်အခဲဖြစ်ပြီး အကြွေးနဲ့သိမ်းခံရဖို့ ကြုံလာကာ အိမ်နဲ့စားဝတ်နေရေးကို ဆုံးရှုံးရတော့မယ့်အခြေအနေ ရောက်လာပါတယ်။အဲဒီအချိန်မှာပဲ Steve ရဲ့ ထောင်ထွက်အစ်ကိုဖြစ်သူ Joël ပြန်ရောက်လာပြီး Steve ကို ငွေအမြန်ရစေမယ့်နည်းလမ်းကို မိတ်ဆက်ပေးပါတော့တယ်။ Joël  က Steve ကို ပြင်သစ်နယ်စပ်ကတရားမဝင်တဲ့ စည်းမျဉ်းမရှိ အရမ်းကြမ်းတမ်းသော ထိုးကွင်းထဲကို ဆွဲသွင်းခဲ့ပါတယ်။Steve က တရားမဝင် ထိုးကွင်းထဲမှာ သူ့ရဲ့ခွန်အားနဲ့ စည်းကမ်းကို အသုံးချပေမဲ့ ကြမ်းတမ်းရက်စက်လွန်းတဲ့ တိုက်ခိုက်ပွဲတွေက သူ့ရဲ့ ကိုယ်ကျင့်တရားကို စမ်းသပ်လာပြီး သူ့အစ်ကိုနဲ့ဆက်ဆံရေးကိုလည်း ထိခိုက်လာစေပါတယ်။ ဒါပေမဲ့ ညီအစ်ကိုနှစ်ယောက်က အိမ်နဲ့လယ်ကွက်ကို ကယ်တင်နိုင်ဖို့အတွက် အရာအားလုံးကို စွန့်စားပြီး ပိုက်ဆံအလုံအလောက် စုဆောင်းနိုင်မလားဆိုတာကိုတော့ ဒီဆွစ်ဇလန်ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။