အသက် ၁၄ နှစ်အရွယ် Sun ဟာ သူမရဲ့ ကွယ်လွန်သွားတဲ့ အဘိုးက ပြောပြခဲ့ဖူးတဲ့ အံ့ဩဖွယ်ရာ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ Hadara ဆိုတဲ့ ကလေးငယ်တစ်ယောက်ဟာ မုန်တိုင်းအတွင်း မိသားစုနဲ့ ကွဲကွာသွားပြီး ငှက်ကုလားအုတ်အုပ်ကြီးရဲ့ ကယ်တင်စောင့်ရှောက်မှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်း ဆာဟာရသဲကန္တာရထဲမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့အတူ ကြီးပြင်းလာခဲ့ပြီး သဲကန္တာရမြေခွေးလေးတစ်ကောင်နဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ Sun ဟာ သူမရေးသားခဲ့တဲ့စာအုပ်အကြောင်း ကြားသိထားတဲ့ ဒေသခံအသိုင်းအဝိုင်းရဲ့ ဖိတ်ကြားချက်နဲ့ ဆာဟာရသဲကန္တာရကို ကိုယ်တိုင်သွားရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ သူမအသက်အရွယ်နဲ့ တူညီတဲ့ Nomad ကောင်မလေး Kharouba နဲ့ တွေ့ဆုံခဲ့ပြီး Hadara ရဲ့ဇာတ်လမ်းဟာ အဘိုးပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ထက် ပိုပြီး နက်နဲတဲ့အမှန်တရားတစ်ခု ဖြစ်နိုင်ကြောင်း သိရှိလာပါတော့တယ်။ ပုံပြင်နဲ့ အမှန်တရားကြားက လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေရင်း မိမိကိုယ်တိုင် မမျှော်လင့်ထားတဲ့ စွန့်စားခန်းကြီးထဲ ရောက်ရှိသွားတဲ့ Sun ရဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်ကို ကြည့်ရှုရမယ့် စွန့်စားခန်းနဲ့ မိသားစုဆန်တဲ့ ရုပ်ရှင်တစ်ကားပါ။