ဖရန့်ခ် မက်ကွန်နယ်လီ (Frank McConnelly) ဟာ ချစ်ခင်ကြင်နာတတ်တဲ့ ဖခင်နဲ့ ခင်ပွန်းကောင်းတစ်ဦး၊ ထက်မြက်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်တဲ့အပြင် ကမ္ဘာပျက်မယ့်ဘေးအတွက် လျှို့ဝှက်ကြိုတင်ပြင်ဆင်ထားသူ (doomsday prepper) တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကုမ္ပဏီကို ရှယ်ယာခေါ်ယူပြီး (public company) အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဖရန့်ခ်ဟာ သူ့ရဲ့ လာ့စ်ဗေးဂတ်စ် (Las Vegas) စံအိမ်ကြီးမှာ တစ်နှစ်တာ အကြီးကျယ်ဆုံး ပါတီပွဲကြီးတစ်ခုကို ကျင်းပနေပါတယ်။ပါတီပွဲကျင်းပနေစဉ်အတွင်းမှာပဲ အမေရိကန်သမ္မတကနေ ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားစေတဲ့ ထူးဆန်းတဲ့ ရာသီဥတုအခြေအနေတစ်ခုကြောင့် လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ သတိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဧရာမ မြူခိုးတိမ်တိုက်ကြီးတစ်ခု ဝင်ရောက်လာတာနဲ့အတူ ရုတ်တရက် လျှပ်စစ်မီးတွေပါ အကုန်ပြတ်တောက်သွားပါတော့တယ်။ဖြစ်ပေါ်လာတဲ့ ပရမ်းပတာအခြေအနေတွေကြားမှာ ဖရန့်ခ်က လူတွေကို သူ့ရဲ့ လုံခြုံရေးဘန်ကာ (bunker) အောက်ထဲကို ဘေးကင်းကင်း ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီဘန်ကာဟာတကယ်တော့ ခြံဝင်းနဲ့ ရေကူးကန်အပြည့်အစုံ ပါဝင်တဲ့ မြေအောက်အိမ်ကြီးတစ်လုံး ဖြစ်နေတာကို မြင်လိုက်ရတဲ့အတွက် လူတိုင်းက အံ့သြသွားကြပါတယ်။ဒါပေမဲ့ ထူထပ်တဲ့ မြူခိုးတွေထဲမှာ တစ်စုံတစ်ခုက လှုပ်ရှားနေပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ အရာတစ်ခုပါပဲ။ဒီဘန်ကာကြီးကပဲ သူတို့ကို ကာကွယ်ပေးနိုင်မလား၊ ဒါမှမဟုတ် သူတို့တွေပဲ အစားခံရမယ့် နောက်ထပ် သားကောင်တွေ ဖြစ်သွားမလား။