တရုတ်နိုင်ငံ နယ်စပ်အတွင်းကို အမျိုးအမည်မသိတဲ့ ရည်ရွယ်ချက်နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဝင်ရောက်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ အကြမ်းဖက် တပ်ဖွဲ့ကိုနှိမ်နင်းဖို့ ပြည်သူ့လုံခြုံရေး၊အမျိုးသားလုံခြုံရေး၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဟာ နယ်စပ်တောင်ပေါ်ရွာပေးမှာ ပူးပေါင်းနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။ ထို့နောက် အထူးစစ်ဆင်ရေးအဖွဲ့ဟာ အဆောက်အအုံတွေကြားထဲမှာ လျှို့ဝှက်စွာ နေရာယူခဲ့ပြီး မောင်းသူမဲ့ ဒရုန်းများနဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ အသင့်ပြင်ပြီး အနေအထားမှာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အတွင်း အရွယ်မရောက်သေးတဲ့ သူတွေပါရှိကြောင်း တွေ့ရှိခဲ့တဲ့ အချိန်မှာတော့ –