ဗီဗား (Vivaah) ဇာတ်လမ်းဟာ ခေတ်သစ် အိမ်ထောင်ရေးတွေရဲ့ ရှုပ်ထွေးပွေလီတဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းနေကြတဲ့ အိမ်ထောင်ရှင် စုံတွဲလေးတွဲရဲ့ အကြောင်းကို အဓိကထား ပုံဖော်ထားတာ ဖြစ်ပါတယ်။မမျှော်လင့်ထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ လူကြီးချင်းပေးစားတဲ့ အိမ်ထောင်ရေးတွေကနေစလို့ အလုပ်ကိုပဲ ဖက်တွယ်ထားတဲ့ ခင်ပွန်းသည်ရဲ့ လစ်လျူရှုမှုကြားက ဇနီးသည်တစ်ယောက်ရဲ့ အချစ်ကို တောင့်တမှုတွေအထိ အမျိုးမျိုး တွေ့မြင်ရမှာပါ။ ဇာတ်လမ်းဟာ ပြည့်စုံမှုနဲ့ နားလည်ပေးနိုင်မှုတွေကို ရှာဖွေရင်း ကိုယ်စီ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အသီးသီး ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီး လေးဦးရဲ့ အကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။