Photographer ဇာတ်ကားဟာ သူ့ကို အချိန်အတော်ကြာ လစ်လျူရှုထားခဲ့တဲ့ လောကကြီးမှာ သူ့ရဲ့တန်ဖိုးကို သက်သေပြဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားတဲ့၊ စိတ်ဒုက္ခရောက်နေပြီးအရာရာကို စွဲလမ်းလွယ်တဲ့ ဗီရာ (Veera) ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။သူ့ဘဝကို ထာဝရ ပြောင်းလဲသွားစေနိုင်တဲ့ တွေ့မြင်ရခဲပြီး ရှားပါးလှတဲ့ သဘာဝဖြစ်စဉ်တစ်ခုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် သူဟာ ကြီးမားတဲ့ ရည်မှန်းချက် တွန်းအားတွေ၊နာကျင်စရာ အတိတ်ရဲ့ ခြောက်လှန့်မှုတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ မာသီကတ်တန် ဆိုလိုင်း (Mathikettan Solai) သစ်တောကြိုးဝိုင်းကြီးရဲ့ အနက်ရှိုင်းဆုံးနေရာအထိစွန့်စားသွားရောက်ခဲ့ပုံတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။