ငယ်သူငယ်ချင်း လေးယောက်ဟာ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုနဲ့ နေ့စဉ်တာဝန်တွေကြားမှာ ရုန်းကန်ရရင်း သူတို့ကိုယ်တိုင်ရော၊ တစ်ယောက်ကိုတစ်ယောက်ပါ ဂရုစိုက်ဖို့ မေ့လျော့နေခဲ့ကြတယ်ဆိုတာကို သဘောပေါက်သွားကြပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီး အနားယူဖို့ အရမ်းလိုအပ်နေပြီဖြစ်တဲ့ အဲဒီအမျိုးသမီးလေးယောက်ဟာ ပျော်ရွှင်မှုတွေ၊ ရယ်မောစရာတွေအပြင် တကယ့်ကို ဆိုးရွားလွဲချော်လှတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးနဲ့ ပြည့်နှက်နေမယ့် မေ့မရနိုင်တဲ့ ပိတ်ရက်လေးတစ်ခုကို ဖြတ်သန်းဖို့အတွက် ဇိမ်ခံ Spa အပန်းဖြေစခန်းတစ်ခုဆီကို ထွက်ပြေးလာခဲ့ကြပုံကို တင်ဆက်ထားတာ ဖြစ်ပါတယ်။