အမြဲတမ်း နိုင်စားတတ်ပြီး အကျင့်ဆိုးတဲ့ (Mean Girl) ကောင်မလေး ရှာမီလီ 'ရှိုင်း' ဒါစ် (Shyamili ‘Shy’ Das) ဟာ ၃ နှစ်ကြာ တွဲလာခဲ့တဲ့ ချစ်သူကောင်လေး မာယန့်ခ် (Mayank) က သူမကို ရုတ်တရက် ဖြတ်သွားခဲ့တဲ့အခါမှာတော့ အရှုံးသမားတစ်ယောက် (Loser) ဘဝကို ရုတ်ချည်း ရောက်ရှိသွားခဲ့ပါတယ်။ မာယန့်ခ်ကို ပြန်ပြီး ကလဲ့စားချေဖို့ အားလုံးပြင်ဆင်ထားတဲ့ ရှိုင်းတစ်ယောက်၊ မမျှော်လင့်ထားတဲ့ လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးသွားပြီး ကိုယ်ချင်းစာစိတ်တွေပါ ဝင်လာခဲ့ပါတယ်။ အဲဒီလူကတော့ တခြားသူမဟုတ်ဘဲ မာယန့်ခ်ရဲ့ ချစ်သူကောင်မလေးအသစ် တာရာ (Tara) ပဲ ဖြစ်နေပါတော့တယ်။