The Jack in the Box FHD

The Jack in the Box

Horror FHD 2019-11-09 6 87 Min

၁၈၀၀ပြည့်နှစ်နှောင်းလောက်မှာ Jack in the Box လို့ခေါ်တဲ့ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့အရုပ်လေးက သေတ္တာပေါ်ကို ကန်ထွက်လာတဲ့အရုပ်သေတ္တာလေးတွေ ပေါ်လာခဲ့တယ်။ ဒီသေတ္တာလေးတွေကို ရှေးအတီတေတုန်းကတော့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချခဲ့ကြတာပေါ့။ စုန်းအတတ်ကျင့်တဲ့လူတွေကို သေဒဏ်ပေးတဲ့ခေတ်တုန်းက ‌စုန်းအတတ်ပညာသည်တွေဟာ ဒီလိုလှပပြီးဖွင့်ချင်စရာသိပ်ကောင်းတဲ့ သေတ္တာလေးတွေထဲမှာ နတ်ဆိုးတွေကို ထည့်ခဲ့ကြတယ်။ ချိုမြိန်တဲ့လက်စားချေခြင်းပေါ့။ ဒီသေတ္တာတွေဟာ ဖျက်ဆီးလို့လည်းမရဘူး။ သေတ္တာထဲမှာတော့ ကြောက်စရာကောင်းတဲ့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွားကို ထည့်ထားကြတယ်။ ဒီလိုနဲ့ ဒီသေတ္တာတွေဟာ သမိုင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာက မြို့လေးတစ်မြို့က ပြတိုက်မှာပေါ်လာတယ်။ ပြောင်းလာတဲ့ပြတိုက်မှူးဟာ ဒီသေတ္တာကိုဖွင့်မိခဲ့တယ်။ နောက်ပိုင်း ဒီသေတ္တာထဲက မကောင်းဆိုးရွားအကြောင်း သူသိသွားတဲ့အခါမှာ မကောင်းဆိုးရွားကို တားဆီးဖို့ကြိုးစားတယ်။ အောင်မြင်လား။ မအောင်မြင်ဘူးလားတော့ ကိုယ်တိုင်ကြည့်ကြပေါ့။