အင်တာနက်ပေါ်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရုတ်တရက်ရရှိလာတဲ့ “Forbidden Video” ဆိုတဲ့ ဗီဒီယိုတစ်ခု ရှိလာပါတယ်။ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဒီဗီဒီယိုကို သိချင်စိတ်ပြင်းပြနေတဲ့ Jung Mi က ဆိုက်ဘာရာဇဝတ်မှုတွေကို စုံစမ်းတဲ့ အထူးစုံစမ်းရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ သူ့အစ်မရဲ့ချစ်သူ Joon Hyuk ကို အဲဒီဖိုင်ကို ဒေါင်းလုပ်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ဗီဒီယိုကို ကြည့်ပြီးနောက်မှာတော့ Jung Mi ရဲ့ပတ်ဝန်းကျင်မှာ နားမလည်နိုင်စရာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ အစပိုင်းမှာ တိုက်ဆိုင်မှုလို့ ထင်ရပေမယ့် ဖြစ်ရပ်တွေ ပိုမိုဆိုးရွားလာတဲ့အခါ ဒီဗီဒီယိုနဲ့ တစ်စုံတစ်ရာ ဆက်နွယ်နေကြောင်း သိသာလာပါတယ်။ ညီမဖြစ်သူရဲ့ အန္တရာယ်ကို သိရှိသွားတဲ့ Se Hee ကတော့ Jung Mi ကို ကယ်တင်ဖို့အတွက် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ဗီဒီယိုရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်လံရှာဖွေရပါတော့တယ်။ဗီဒီယိုထဲမှာ ဘာတွေရှိနေတာလဲ? Jung Mi ကို ဘာကြောင့် ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေ ကြုံတွေ့နေရတာလဲ? Se Hee က ညီမကို အချိန်မီ ကယ်တင်နိုင်ပါ့မလား? Horror / Mystery / Thriller အမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် ထိတ်လန့်စရာနဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းဖော်ထုတ်သွားတဲ့ ကိုရီးယားသရဲကားတစ်ကားပါ။