နေ့စဉ်ဘဝမှာ သာမန်အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေ၊ အရာဝတ္ထုတွေကပဲ တစ်ခါတလေ အကြောက်အလန့်ဆုံး အိပ်မက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ အိမ်အပေါ်ထပ်၊ အောက်ထပ်ကြားက မရပ်မနားကြားနေရတဲ့ ခြေသံနဲ့ ဆူညံသံတွေ၊ တစ်စုံတစ်ယောက်အသုံးပြုပြီးသား Secondhand ပရိဘောဂတွေ၊ ဆိုင်တွေမှာ လူပုံစံနဲ့ ရပ်နေတဲ့ Mannequin ရုပ်တုတွေ၊ လူတွေရဲ့ဘဝထဲမှာ နေရာယူလာတဲ့ Social Media တွေကနေ မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်။အစပိုင်းမှာ သာမန်အဖြစ်အပျက်လေးတွေလို ထင်ရပေမယ့် အကြောင်းအရာတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်လာတဲ့အခါ ကိုယ်နေ့တိုင်းနေထိုင်နေတဲ့ ပတ်ဝန်းကျင်ကိုတောင် ပြန်ပြီးကြောက်လာစေမယ့် အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ Horror / Mystery / Thriller အမျိုးအစားဖြစ်ပြီး လူတိုင်းရဲ့နေ့စဉ်ဘဝထဲမှာ အလွယ်တကူကြုံတွေ့နိုင်တဲ့ အရာတွေကို အခြေခံထားတာကြောင့် “တကယ်လို့ ငါသာ အဲဒီနေရာမှာရှိနေရင်…” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ့် Horror ဇာတ်လမ်းတစ်ပုဒ်ပါ။