ဘဝကို ရုန်းကန်နေရတဲ့ မင်းသမီး ရို့စ် (Rose) ဟာ မမျှော်လင့်ထားတဲ့ သတင်းတစ်ခုကြောင့် သူမရဲ့ ဘဝကြီး ကမောက်ကမ ဖြစ်သွားခဲ့ရပါတယ်။ ပေါ့ပေါ့ပါးပါး တွဲနေတဲ့ ချစ်သူ ထရဲဗစ် (Travis) က နေရာတကာ ဗိုလ်ကျစိုးမိုးချင်တဲ့ သူ့မိခင်ကိုပါ သူတို့ကြားထဲ ခေါ်သွင်းလာတဲ့အခါမှာတော့ အခြေအနေတွေက ပိုဆိုးလာပြီး ရို့စ် တစ်ယောက် သည်းခံနိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ သူမဟာ လူသူဝေးကွာတဲ့ ခေါင်ဖျားဖျားက ပြိုကျပျက်စီးလုနီးပါးဖြစ်နေတဲ့ The Crown Inn လို့ခေါ်တဲ့ မိုတယ်လေးတစ်ခုဆီကို ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနေရာမှာတော့ အချိန်ကာလတွေ ကွဲအက်သွားပြီး လက်တွေ့ဘဝဆိုတဲ့ အမှန်တရားတွေ ပုံပျက်ယွင်းလာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို တင်ဆက်ထားတာ ဖြစ်ပါတယ်။