လူတွေအချင်းချင်း ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတဲ့ ဆိုရှယ်မီဒီယာ အယ်လ်ဂိုရီသမ် (Algorithms) တွေဟာ တကယ်တမ်းမှာတော့ လူ့အဖွဲ့အစည်းကို ဘယ်လို ပြိုကွဲစေသလဲ ဆိုတာကို၊ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေက သတင်းပေးသူတွေနဲ့ အတွင်းလူတွေ ကိုယ်တိုင် ဖွင့်ဟပြောကြားလာတဲ့အခါမှာတော့... ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ၊ ထွက်ဆိုချက်အသစ်တွေနဲ့အတူ လူတွေရဲ့ ဒေါသထွက်မှုတွေနဲ့ သွေးကွဲမှုတွေအပေါ်မှာ အမြတ်ထုတ် ရှင်သန်နေတဲ့ သူတို့ရဲ့ စီးပွားရေးစနစ် (Business model) ကြီးကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်လိုက်ကြပါတယ်။ အသုံးပြုသူတွေရဲ့ တွေးခေါ်ပုံ၊ ခံစားချက်နဲ့ ကမ္ဘာကြီးကို မြင်တဲ့အမြင်တွေကို စိတ်ကြိုက်ပုံဖော်ဖို့ တည်ဆောက်ထားတဲ့ ဒီစနစ်ဆိုးကြီးကြောင့်၊ အစွန်းရောက်လာမှုတွေ၊ လက်တွေ့ကမ္ဘာက အကြမ်းဖက်မှုတွေနဲ့ ပြိုကွဲနေတဲ့ လူ့အဖွဲ့အစည်းတွေစတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လို ထိတ်လန့်ဖွယ် မီးမောင်းထိုးပြ တင်ဆက်ထားသလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။