Fall 2: Deadpoint 4K

Fall 2: Deadpoint

Thriller 4K Movies 4K 2026-09-01 6.2 98 Min

ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံက ကွမ်တောင် (Mount Kwan) မှာ အသက်အန္တရာယ်များတဲ့ တောင်တက်ခရီးစဉ်တစ်ခု သွားကြရင်း မြေပြင်အထက် ပေထောင်ချီမြင့်တဲ့နေရာမှာ ပိတ်မိသွားတဲ့ တောင်တက်သမားနှစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ အောက်ကိုငုံ့ကြည့်လိုက်ရင် ခေါင်းမူးချင်စရာကောင်းလောက်အောင် မြင့်မားလွန်းတဲ့ နေရာ၊ ဘာအကာအကွယ်မှမရှိတဲ့ အနေအထားနဲ့ ရှင်သန်ဖို့ လမ်းစမရှိသလောက် ဖြစ်နေတဲ့ အခြေအနေဆိုးတွေကြားမှာ သူတို့နှစ်ယောက်အတွက် အချိန်စက္ကန့်တိုင်းဟာ အသက်ရှင်ကျန်ရစ်ဖို့ အသေအလဲ ရုန်းကန်တိုက်ပွဲဝင်ရတဲ့ အဖြစ်ကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။