ဒီကားလေးကတော့ အမေရိကန်က တက္ကဆက်၊ ဖလော်ရီဒါနဲ့ တခြားနယ်တွေမှာ အရင်ကနဲ့မတူဘဲ စာအုပ်တွေကို အကြီးအကျယ် လိုက်ပြီး ပိတ်ပင်တားမြစ်လာတဲ့ အဖြစ်အပျက်တွေကနေ စထားတာပါ။ အဲ့ဒီလို ဖိအားပေါင်းစုံ ဝိုင်းနေပြီး အကျပ်ရိုက်နေတဲ့ စာကြည့်တိုက်မှူးတွေဟာ မထင်မှတ်ထားဘဲ အချင်းချင်း လက်တွဲလိုက်ကြပါတော့တယ်။ ပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ဖတ်ရှုခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့ အရေးကြီးဆုံး အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဒီစာကြည့်တိုက်မှူးတွေက ရှေ့တန်းစစ်မျက်နှာပြင်ကနေ ဘယ်လို တိုက်ပွဲဝင်ကြသလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။