The Devil’s Trap FHD

The Devil’s Trap

Horror Thriller FHD 2024-11-01 7.3 90 Min

ဒီကားလေးက မြို့ပြဆေးရုံကြီးတစ်ခုရဲ့ တိတ်ဆိတ်နေတဲ့ ညဘက်အချိန်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းထဲမှာ အဘီဂေးလ် (Abigail) ဆိုတဲ့ ကောင်မလေးက စိတ်ဒဏ်ရာတွေ အပြင်းအထန်ရပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသွားရှာတဲ့ သူ့အစ်ကို ဘီလီ (Billy) ကို ပြုစုနှစ်သိမ့်ပေးနေရတာပေါ့။ ဘီလီက ညဘက်ဆို အိပ်မက်ဆိုးတွေ အမြဲမက်နေတတ်တယ်။ အဲ့ဒီအိပ်မက်တွေထဲမှာ သူတို့ငယ်ငယ်က အရက်ကြူးပြီး အရမ်းကြမ်းတမ်းတဲ့ သူတို့အဖေရဲ့ အကြောင်းတွေ ပြန်ပြန်မြင်ယောင်ပြီး အတိတ်က အဖြစ်အပျက်ဆိုးတွေက သူ့ကို ခြောက်လှန့်နေတာ။ဘီလီနဲ့ ဆေးရုံခန်း တစ်ခန်းတည်း အတူတူနေရတဲ့ လူနာကတော့ သေခါနီးဖြစ်နေပြီဖြစ်တဲ့ မစ္စတာ ကိုဟန် (Mr. Cohen) ဆိုတဲ့ လူကြီးပါ။ ထူးဆန်းတာက အဲ့ဒီလူကြီးက ဘီလီနဲ့ အဘီဂေးလ်တို့အကြောင်းကို အကုန်လုံး သိနေသလိုပဲဗျ။ ဒါတင်မကသေးဘူး၊ အဲ့ဒီဆေးရုံကြီးထဲမှာ လူနာတွေရော ဆေးရုံဝန်ထမ်းတွေကိုပါ အထိတ်တလန့်ဖြစ်စေမယ့် ကြောက်စရာကောင်းတဲ့ အရာတစ်ခုကလည်း လှည့်လည်သွားလာနေသေးတော့ ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။