ဒီဇာတ်ကားလေးမှာက ဘဝမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ မိသားစုကိုလည်း ဂရုစိုက်တတ်တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ။ တစ်နေ့ကျတော့ သူနဲ့ သူ့အိမ်နီးချင်းရဲ့ သားလေးတို့ စက်ဘီးစီးရင်း မတော်တဆမှုတစ်ခု ဖြစ်သွားပါလေရော။အဲ့ဒီမတော်တဆမှုကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ရတဲ့ သူ့အစ်ကိုကြီးရဲ့ အမှတ်တရတွေ သူ့ခေါင်းထဲကို ပြန်ဝင်လာပြီး အတိတ်က စိတ်ဒဏ်ရာတွေ ပြန်လည်နိုးကြွလာပုံတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။