ဒီကားလေးမှာကျတော့ အယ်လ်သီယာ (Althea)၊ ကတ်သလီးနား (Kathalina)၊ ဟယ်လီနာ (Helena) နဲ့ အဒဲလာ (Adela) ဆိုတဲ့ စုန်းမလေးယောက်က မှော်ပညာကို ဘယ်သူမှ မယုံကြတော့တဲ့ ခေတ်သစ်ကမ္ဘာကြီးထဲကို ရောက်သွားပြီး လူတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနေကြရတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ပြဿနာက သူတို့ရဲ့ မှော်စွမ်းအင်တွေ၊ သဘာဝလွန်စွမ်းရည်တွေကလည်း လုံးဝနီးပါး ပျောက်ကွယ်လုမတတ်ကို အားနည်းနေပြီလေ။ ဒီလိုအခြေအနေမှာ ဒီစုန်းမလေးယောက်အဖွဲ့က ခေတ်သစ်ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ မကောင်းဆိုးဝါး အန္တရာယ်တွေကနေ ဘယ်လိုကြိုးစားပြီး ကာကွယ်သွားမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။