ဒီကားလေးက အီတလီနိုင်ငံက တောင်တန်းတွေဝိုင်းရံထားတဲ့ ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ လာစပီဇီယာ (La Spezia) မှာ ဇာတ်အိမ်တည်ထားတာပါ။ အဲ့ဒီမြို့လေးက ဧရိယာကုဒ် 0187 ရှိပြီး ဂြိုဟ်သားယာဉ် (UFO) တွေ ခဏခဏ တွေ့ရတယ်လို့ နာမည်ကြီးတဲ့ နေရာပေါ့။ အထူးသဖြင့် ၇၀ ပြည့်လွန်နှစ်တွေတုန်းကဆို UFO တွေ အများဆုံး တွေ့ခဲ့ရတယ်တဲ့။ ကောင်းကင်မှာ ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်ရတာ၊ လူတွေ ပျောက်သွားတာတွေအပြင် တောအုပ်ထဲမှာ ဘာမှန်းမသိတဲ့ အရာတွေ ရှိနေတာမျိုးတွေ သတင်းထွက်ခဲ့ဖူးတယ်။အခု လက်ရှိအချိန်မှာတော့ လူငယ်လေးယောက်က အဲ့ဒီကိစ္စတွေရဲ့ အဖြေကို သိချင်လို့ အဲ့ဒီမြို့ကို ရောက်လာကြတယ်။ ပြီးတော့ အရင်က အဲ့ဒီလို ခြောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တဲ့ နေရာတွေကို သူတို့ကိုယ်တိုင် သွားရောက်စူးစမ်းကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။