ဒီကားလေးမှာက ဆံပင်တုစက်ရုံမှာ သူတို့အမေ ရုတ်တရက် သေဆုံးသွားတဲ့ကိစ္စကို ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ ဒါမှမဟုတ် နတ်ဆိုးဝင်ပူးလို့ သေသွားတာလား ဆိုတာနဲ့ပတ်သက်ပြီး သမီးဖြစ်သူ ညီအစ်မနှစ်ယောက် အချင်းများနေကြတာပေါ့။ တစ်ဖက်မှာလည်း သူတို့ရဲ့ အစ်ကိုဖြစ်သူဆီမှာ ခန္ဓာကိုယ်က ဒဏ်ရာတွေကို အလိုလိုပြန်လည်ကုစားနိုင်တဲ့ သဘာဝလွန်စွမ်းရည်တစ်ခု ရှိနေတယ်။ ပြဿနာက အဲ့ဒီစွမ်းရည်က လူ့ခန္ဓာကိုယ်ကို ဝင်ပူးဖို့ နေရာရှာနေတဲ့ လေလွင့်သရဲတစ်ကောင်ကို သွားပြီး ဆွဲဆောင်လိုက်သလို ဖြစ်သွားတဲ့အခါ သူတို့မောင်နှမတွေ ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာကို ထိတ်လန့်ရင်ဖိုစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။