Tales from the Magic Garden FHD

Tales from the Magic Garden

Comedy Family Fantasy Animation FHD 2025-05-18 5.5 70 Min

ဒီကားလေးက ၄ နှစ်အရွယ် တော်မ် (Tom)၊ ၈ နှစ်အရွယ် ဆူဇန် (Suzanne) နဲ့ ၁၀ နှစ်အရွယ် ဒဲရစ် (Derek) တို့ မောင်နှမ ၃ ယောက် သူတို့ရဲ့ အဘိုးအဘွားတွေအိမ်မှာ စနေ၊ တနင်္ဂနွေ ပိတ်ရက် သွားနေကြတဲ့ အကြောင်းလေးပါ။ဒါပေမယ့် ဒီတစ်ခေါက်က အရင်နဲ့မတူဘဲ အရာအားလုံးက ထူးဆန်းနေတယ်။ အဘိုးဖြစ်သူက စိတ်တွေလေလွင့်ပြီး တစ်နေရာရာကို ရောက်နေသလို ဖြစ်နေတယ်။ ပြီးတော့ သူတို့ကို အမြဲတမ်း ပုံပြင်ကောင်းတွေ ပြောပြတတ်တဲ့ အဘွားကလည်း ဘယ်ရောက်နေမှန်းမသိလို့ တော်မ်လေးခမျာ တွေးပူနေရှာတာပေါ့။ အစ်ကိုအကြီးဆုံး ဒဲရစ်ကတော့ ပန်းသီးပင်ပေါ်က သစ်သားတဲဟောင်းလေးကို ပြန်ပြင်ဖို့ အလုပ်တွေ ရှုပ်နေတယ်။အဲ့ဒီတော့ ဆူဇန်လေးက အဘွားဖြစ်သူ မရှိတဲ့ ကွက်လပ်ကို အစားထိုးပေးဖို့အတွက် အဘွားလုပ်လေ့ရှိသလိုမျိုး သူကိုယ်တိုင် ပုံပြင်ပြောပြတဲ့သူ နေရာကနေ ဝင်ယူလိုက်ပါတော့တယ်။ ပြီးတော့ သူ့ရဲ့ စိတ်ကူးယဉ်ဆန်ဆန် လှပတဲ့ ပုံပြင်လေးတွေနဲ့ အိမ်ကြီးတစ်ခုလုံးကို အသက်ဝင်လာအောင် ဘယ်လို ကြိုးစားသွားသလဲ ဆိုတာကို ကြည်နူးစရာ ကြည့်ရမယ့် ဇာတ်ကားလေးပါ။ တကယ်တော့ ဒီရုပ်ရှင်လေးက စာရေးဆရာ Arnost Goldflam ရေးထားတဲ့ ပုံပြင် ၃ ပုဒ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။