ဒီကားလေးမှာက အပြင်ပန်းကြည့်ရင်တော့ အေးအေးဆေးဆေး နေတတ်တဲ့ ပန်းပင်တွေစိုက်တဲ့ ဥယျာဉ်မှူး တစ်ယောက်ပေါ့။ ဒါပေမယ့် တကယ်တမ်း သူ့ရဲ့ နောက်ကွယ်က လျှို့ဝှက်ထားတဲ့ ဘဝကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ကြေးစားလူသတ်သမား တစ်ယောက် ဖြစ်နေတာပါ။တစ်နေ့ကျတော့ ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို မျက်မြင်တွေ့ခဲ့တဲ့ သက်သေတစ်ယောက်နဲ့ သူနဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားကြပါလေရော။ အဲ့ဒီလို ပတ်သက်မိသွားတဲ့အတွက်ကြောင့် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ လူသတ်သမားဆိုတဲ့ ဇာတ်ကောင်မှန်ကြီး ပေါ်သွားနိုင်မယ့် အန္တရာယ်တွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။