ဒီကားလေးမှာက အထက်စီးကနေ ဆက်ဆံတတ်ပြီး အရမ်းချမ်းသာတဲ့ အယ်လ်သဟာဘီ (AlThahabi) မိသားစုကြီးအကြောင်းကို ရိုက်ပြထားတာပါ။ တစ်နေ့ကျတော့ တကယ်တမ်း သူတို့ဆီမှာ သူတို့ထင်ထားသလောက် ပိုက်ဆံတွေ မရှိတော့ဘူးဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရပါလေရော။ အဲ့ဒီအခါမှာတော့ လူတောထဲမှာ မျက်နှာမပျက်ရအောင်နဲ့ သူတို့ရဲ့ ဂုဏ်ဒြပ်ကို ဆက်ပြီး ထိန်းထားနိုင်အောင်လို့ ရှိန်မပျက် ချမ်းသာဟန်ဆောင်ပြီး မနည်းကြိုးစားရုန်းကန်ကြရတဲ့ သူတို့မိသားစုရဲ့ အကြောင်းကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။