Chasing Home FHD

Chasing Home

Comedy FHD 2026-07-30 5.5 75 Min

ဒီကားလေးမှာက အသက် ၃၀ အရွယ် ဗြိတိန်-မက္ကဆီကန် ကပြား ကာတွန်းဖန်တီးရှင် ကောင်မလေး တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ။ သူက သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ဖို့အတွက် စရန်ငွေလေး အကူအညီတောင်းမလို့ သူ့မိဘတွေဆီကို အလည်သွားတာပေါ့။ဒါပေမယ့် အိမ်လည်းရောက်ရော ထင်မထားတာက အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ သူ့အမေမှာ ကိုယ်ဝန်ကြီး ရှိနေလို့ သူမျှော်လင့်ထားတဲ့ အကူအညီကို မရနိုင်တော့ဘူး ဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရပါလေရော။ အဲ့ဒီလို မထင်မှတ်ထားတဲ့ အခြေအနေတွေကြားထဲမှာ သူတို့မိသားစုတွေ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။