ဒီကားလေးရဲ့ နာမည်ကတော့ "Video" လို့ ပေးထားပါတယ်။ ဒါရိုက်တာ ရှရီနီဒီ ဘန်ဂါလုရု (Srinidhi Bengaluru) ကနေ Found footage (တကယ့်အဖြစ်အပျက်ကို ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းဟောင်းတွေ ပြန်တွေ့တဲ့ ပုံစံမျိုး) နဲ့ Docudrama (မှတ်တမ်းရုပ်ရှင်ဆန်ဆန် ဇာတ်လမ်း) ပုံစံမျိုးကို ပေါင်းစပ်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဒစ်ခ်ရှစ် ရှက်တီ (Dheekshith Shetty)၊ ဘာရသာ (Bharatha)၊ ဂျီဗန် ရှီဗာကူးမား (Jeevan Shivakumar)၊ တက်ဂျက်ရှ် အက်စ် အမ် (Tejesh S M)၊ ပရီယာ ဂျေ အာချာ (Priya J Achar) နဲ့ နယ်လ်မီ နာချီယာ (Nalme Nachiyar) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ တကယ့် အဖြစ်အပျက် တစ်ခုလိုမျိုး လက်တွေ့ဆန်ဆန် ခံစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။