Paris Cafe FHD

Paris Cafe

Drama Romance FHD 2026-09-18 6.4 117 Min

ဒီကားလေးမှာက အမေရိကန်မှာနေတဲ့ အိုလီဗီဇီယယ် (Olivizhiyaal) ဆိုတဲ့ ကောင်မလေးက သူ့ရဲ့ ဘဝလက်တွဲဖော် PhD ကျောင်းသား ကာဗင် ဆမ်ဆန် (Kavin Samson) ကို အိန္ဒိယမှာရှိတဲ့ သူအလေးစားဆုံး မိဘနှစ်ပါးနဲ့ မိတ်ဆက်ပေးဖို့ စိတ်ကူးယဉ်နေတာပေါ့။ ပြီးတော့ မိဘတွေကို ဝမ်းသာစရာ သတင်းလေးတစ်ခုလည်း ပြောပြချင်နေတာလေ။ဒါပေမယ့် ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ သူ့အဖေ ဒေါက်တာ ဂေါတမ်ရာဂျာ (Dr. Gautam Raja) နဲ့ ဗိသုကာပညာရှင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ သူ့အမေ သာရာ (Thara) တို့ လမ်းခွဲသွားကြပြီဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရတဲ့အခါမှာတော့ သူ့အပျော်တွေ ရေစုန်မျောသွားပါတော့တယ်။ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တစ်ခု၊ ပျက်စီးသွားတဲ့ ယုံကြည်မှုတစ်ခုရယ်၊ အတိတ်ကို ပြန်လည်ရိုက်ခတ်သွားစေတဲ့ ပါရီ (Paris) မြို့က ကော်ဖီဆိုင်လေးတစ်ခုမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံရယ်... တကယ်တော့ ဒေါက်တာဂေါတမ် ဘာတွေများ လုပ်ခဲ့တာလဲ။ ခိုင်မာတဲ့ ခံယူချက်တွေရှိတဲ့ သာရာလို မိန်းမတစ်ယောက်က ဘာလို့ ထွက်သွားခဲ့ရတာလဲ။ အိုလီနဲ့ ကာဗင်တို့ ဒီလျှို့ဝှက်ချက်တွေကို လိုက်စုံစမ်းတဲ့အခါ ဖုံးကွယ်ထားတဲ့ အပြစ်တစ်ခု၊ တရားမျှတမှုအတွက် တောင်းဆိုသံတစ်ခုနဲ့ အမှားကို ပြင်ဆင်နိုင်မယ့် အခွင့်အရေးတစ်ခုကိုပါ ရှာဖွေတွေ့ရှိသွားကြတယ်။ အမှန်တရားကြောင့် ပြိုကွဲသွားတဲ့ မိသားစုတစ်ခုကို ပြန်လည်ကုစားပေးဖို့ ဆုံးဖြတ်ထားတဲ့ သမီးတစ်ယောက်ရဲ့ ကြိုးစားမှုတွေနဲ့အတူ၊ နောက်ဆုံးမှာ ခွင့်လွှတ်ခြင်းတရားကပဲ လမ်းပြပေးသွားမလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမယ့် မိသားစုဒရာမာ ဇာတ်ကားလေး ဖြစ်ပါတယ်။