ဒီကားလေးမှာက သတင်းထောက် ကောင်မလေး တစ်ယောက်နဲ့ သူ့နောက်ကို ပါချင်မပါချင်နဲ့ လိုက်လာရတဲ့ ကင်မရာမန်းတို့ သတင်းတစ်ခုနောက်ကို စုံစမ်းဖို့ သွားကြရင်းကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီလို သတင်းလိုက်ရင်းနဲ့မှ သိပ်ကို ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုက နောက်ကွယ်ကနေ ခြယ်လှယ်နေတဲ့ တရားမဝင် သဲခိုးတူးတဲ့ လုပ်ငန်းခွင် အရှုပ်အထွေးတွေကြားထဲကို သူတို့နှစ်ယောက် မထင်မှတ်ဘဲ ဝင်တိုးမိလျက်သား ဖြစ်သွားပါတော့တယ်။ အဲ့ဒီအခါ အန္တရာယ်တွေ ဝိုင်းနေတဲ့ကြားထဲကနေ သူတို့ကိုယ်သူတို့ ဘယ်လိုကယ်တင်ပြီး အမှန်တရားကို ဖော်ထုတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။