ဒီကားလေးမှာကျတော့ နတ်ဆိုးဝင်ပူးခံထားရတဲ့ သားဖြစ်သူကို ကယ်တင်ချင်လွန်းလို့ အသည်းအသန်ဖြစ်နေတဲ့၊ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ လင်မယားနှစ်ယောက် အကြောင်းကို ရိုက်ပြထားတာပါ။ သားကိုကယ်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်အနေနဲ့ ကျိန်စာသင့်နေတဲ့ ရှေးဟောင်း (Pagan) အစီအရင် ပစ္စည်းတစ်ခုကို သူတို့ အသုံးပြုလိုက်ကြတာပေါ့။ဒါပေမယ့် ပြဿနာက အဲ့ဒီလိုလုပ်လိုက်မိတာဟာ ပိုပြီး ဆိုးရွားကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး အကြီးစားကြီးတစ်ခုကို အပြင်ရောက်လာအောင် လွှတ်ပေးလိုက်သလို ဖြစ်သွားပါလေရော။ အဲ့ဒီမကောင်းဆိုးဝါးကြီးက သူတို့ရဲ့ စိတ်ကျန်းမာရေးတွေ၊ အိမ်ထောင်ရေးနဲ့ သူတို့ရဲ့ ဝိညာဉ်တွေကိုပါ အန္တရာယ်ပေး ခြိမ်းခြောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ထိတ်လန့်ရင်ဖိုစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။