ဒီကားလေးမှာက လူကာ (Luca) နဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း အယ်လ်ဘာတို (Alberto) တို့ အီတလီက ရီဗီယဲရား (Italian Riviera) ကမ်းခြေမှာ မေ့မရနိုင်တဲ့ နွေရာသီ အားလပ်ရက်လေးတစ်ခုကို ဖြတ်သန်းကြတဲ့အကြောင်း ရိုက်ပြထားတာပါ။ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်စရာ အချိန်လေးတွေအားလုံးကို ခြိမ်းခြောက်နေတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေတယ်။ အဲ့ဒါကတော့ တကယ်တမ်း သူတို့နှစ်ယောက်က ရေအောက်ကမ္ဘာကနေ လာကြတဲ့ ပင်လယ်ရေသတ္တဝါ (sea monsters) တွေ ဖြစ်နေတာပါပဲ။ ဒီလျှို့ဝှက်ချက်ကြီးနဲ့ သူတို့ရဲ့ နွေရာသီ ခရီးစဉ်လေး ဘယ်လိုတွေ ရှုပ်ယှက်ခတ်ပြီး ဆက်ဖြစ်မလဲဆိုတာကို ချစ်စရာကောင်းအောင် ကြည့်ရှုရမယ့် ကာတွန်းဇာတ်ကားလေး ဖြစ်ပါတယ်။