ဒီကားလေးကတော့ တောင်ကိုရီးယားက ဝေးလံခေါင်ဖျားတဲ့ ဟုပ်ပ် ဟာဘာ (Hope Harbor) ဆိုတဲ့ ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားတာပါ။ ရွာထဲမှာ ဝင်မွှေပြီး သောင်းကျန်းနေတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင်အကြောင်းကို စုံစမ်းဖို့အတွက် ရဲမှူး ဘုံဆော့ (Bum-seok) နဲ့ ရဲအရာရှိ ဆောင်းအေး (Sung-ae) တို့ ရောက်လာကြရာကနေ ဇာတ်လမ်းစထားတာပေါ့။ဒါပေမယ့် တကယ်တမ်းကျတော့ အရာအားလုံးက အပေါ်ယံမြင်ရသလိုမျိုး မဟုတ်ဘဲ အမြင်တွေကနေတစ်ဆင့် အထင်အမြင်လွဲမှားစရာတွေ အများကြီး ဖြစ်လာပါတော့တယ်။ အစပိုင်းမှာ သတိမမူဘဲ လျစ်လျူရှုထားခဲ့မိတဲ့ အရာလေးတွေကနေ ကပ်ဆိုးကြီးတစ်ခုအတွက် မျိုးစေ့ချလိုက်သလို ဖြစ်သွားပြီး၊ လူတွေရဲ့ ပဋိပက္ခတွေကြားထဲကနေတဆင့် ဘယ်သူမှ မထင်မှတ်ထားတဲ့ အတိုင်းအတာအထိ ကြီးမားတဲ့ အဖြစ်ဆိုးကြီးတစ်ခုဆီကို ဘယ်လို အရှိန်အဟုန်နဲ့ ဦးတည်သွားမလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။